တော်လှန်ရေး ကာလ သုံးနှစ် ကျော် ကြာမြင့်လာချိန်မှာ ဒီမိုကရေစီဘက်တော်သား မြန်မာပြည်သူ အများရဲ့ အောင်ပွဲတွေဟာလည်း သိသာထင်ရှားစွာ မြင်တွေ့လာရပါပြီ။ ရှုံးနိမ့်မှုတွေ အများ အပြားနဲ့ စစ်ကောင်စီဟာလည်း အတွင်းစည်း ပြိုကွဲမှုတွေနဲ့အတူ တစ်မြို့ပြီးတစ်မြို့ လက်လွှတ် ဆုံးရှုံးနေရပါပြီ။
ဒီအခြေအနေတွေကို ပြောပြရင်း စစ်ကောင်စီ တပ်သားတွေအတွက် တစ်ခုတည်းသောလမ်းကို ပြောထားတဲ့ “စစ်တပ် စစ်ရှုံးနေပြီ” အမည်ရ podcastကို ယခုတစ်ပတ် ဆီသို့ ပရိသတ်များအတွက် တင်ဆက်ပေးလိုက်ရပါတယ်။