မြန်မာနိုင်ငံတွင်း၌ တော်လှန်စစ်ပွဲအရှိန်မြင့်လာသည်နှင့် အမျှ စစ်ဘေးရှောင် ပြည်သူအများသည်လည်း တိုးပွားလာမည်သာဖြစ်သည်။ စစ်ကောင်စီသည် ထိုစစ်ဘေးရှောင် လူထုကိုတစ်ဖန်ပြန် အမှီပြုကာ ဆင်ဖြူတော်မှီ၍ ကြံစုပ်သကဲ့သို့ နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို တစ်ဖက်လှည့်နှင့်ရရှိနိုင်ရန် ကြိုးပမ်းသည်။ ထိုအကူအညီများသည် အမှန်တကယ်လိုအပ်လျက်ရှိသော ပြည်သူများထံ ရောက်ရှိသွားမည်လည်း မဟုတ်ဘဲ ယိုယွင်းပျက်စီးလျက်ရှိသော စစ်တပ်အတွင်း အထက်မှစ အောက်ခြေအထိတိုင် အဆင့်ဆင့်ခွဲဝေရယူသွားကြမည်သာဖြစ်သည်။
ထို့ကြောင့်နိုင်ငံတကာ အကူအညီများအနေဖြင့် စစ်ဘေးရှောင်အကူအညီများကို တတ်စွမ်းနိုင်သမျှ တိုက်ရိုက်ပေးအပ်နိုင်ရန် ရည်ရွယ်ပြောကြားထားသည့် မြေဇာပင်တို့အတွက် ခိုလှုံရာအမည်ရ Podcastကို ယခုတစ်ပတ်အတွက် တင်ဆက်လိုက်ရပါသည်။