Gender Base Violenceဆိုတဲ့ လိင်ကွဲပြားမှုကို အခြေပြုဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေဟာ လူ့ဘောင်အဖွဲ့အစည်း အတွက် ကပ်ပါးပိုးသဖွယ် ရောဂါဆိုးသဖွယ်ပါပဲ။
မြန်မာနိုင်ငံလို ပြည်တွင်းစစ် ၊ သဘာဝ ဘေးအန္တရာယ်နဲ့ ဆင်းရဲမွဲတေမှုဒဏ်တို့ကိုစုပေါင်းပြီး ရင်ဆိုင်နေရတဲ့ တိုင်းပြည်လိုမျိုးတွေမှာ ဒီကိစ္စရပ်ဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ မြင့်တက်လာခဲ့ပါတယ်။
ဒါကြောင့် ယခုတစ်ပတ် Podcast အစီအစဥ်မှာတော့ ဘာကြောင့် ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှုတွေ ဖြစ်နေရသလဲ အမည်ရ ပေါ့ကတ် ကို ဆီသို့ ပရိသတ်များအတွက် တင်ဆက်လိုက်ရပါတယ်။